Map Graph

ဝန်ကြီးများရုံး (ရန်ကုန်)

ဒီဇိုင်နာမှာ Henry Hoyne-Fox ဖြစ်သည်။

ဝန်ကြီးများရုံးသည် ဗြိတိသျှခေတ်တွင် ဗြိတိသျှတို့၏ အုပ်ချုပ်မှုများ ဆောင်ရွက်ရာ ရုံးအဖြစ်တည်ရှိခဲ့ပြီး ရန်ကုန်မြို့လယ်ဧရိယာတွင် တည်ရှိသည်။ ဝန်ကြီးများရုံးကို ၁၈၀၀ ခုနှောင်းပိုင်းတွင် တည်ဆောက်ခဲ့ပြီး သက်တမ်း ၁၂၀ မျှ ရှိနေပြီ ဖြစ်သည်။ ဝန်ကြီးများရုံးသည် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ ကတ်ဘိနက်အဖွဲ့ဝင်ဝန်ကြီး ၇ ဦး၊ သက်တော်စောင့် ၁ ဦး စုစုပေါင်း အာဇာနည် ၉ ဦး လုပ်ကြံခံခဲ့ရသော နေရာလည်းဖြစ်သည်။ အဆိုပါဝန်ကြီးများရုံးသည် လက်ရှိတွင် ရန်ကုန်မြို့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ စာရင်းတွင်ပါဝင်ပြီး ယခုအခါအကြီးစား ပြန်လည်မွန်းမံမှုများ ပြုလုပ်နေပြီဖြစ်သည်။ ဝန်ကြီးများရုံးကို မြောက်ဘက်တွင် အနော်ရထာလမ်း၊ အရှေ့ဘက်တွင် သိမ်ဖြူလမ်း၊ တောင်ဘက်တွင် မဟာဗန္ဓုလလမ်း၊ အနောက်ဘက်တွင် ဗိုလ်အောင်ကျော်လမ်းတို့ဖြင့် ပတ်လည်ဝန်းရံထားသော ဘလောက်တွင် တည်ဆောက်ထားသည်။

Read article
ဖိုင်:Secretariat_Building,_Yangon.jpgဖိုင်:Myanmar_location_map.svgဖိုင်:The_Secretariat_05.jpgဖိုင်:Ministers'_Office_Signboard.jpgဖိုင်:Ministers'_Office_Yangon.jpgဖိုင်:Ministers'_Office_Yangon_Ground.jpgဖိုင်:Martyrs'_monument_inside_Ministers'_Office_Yangon.jpgဖိုင်:Ministers'_Office_Yangon_2.jpgဖိုင်:Ministers'_Office_Building_Yangon_4.jpgဖိုင်:Ministers'_Office_Yangon_old_buildings.jpgဖိုင်:Ministers'_Office_Yangon_Front_PANO.jpgဖိုင်:The_Ministers'_Office_Building_Inside.jpgဖိုင်:The_Ministers'_Office_Building_Corridor.jpg